Green-Tea Herbal Shampoo

7,500 Ks

ဆံပင်တွေအရမ်းကျွတ်ပြီး ပါးလာလို့စိတ်ပျက်နေသူများ အဆင်‌ပြေစေဖို့ ကန်ဇွန်းရိုးနီ၊ ပိတောက်ရွက်၊ရှားစောင်း၊ ရှောက်သီး၊ စပျစ်၊ ကင်ပွန်းသီး၊ တမာရွက် စတဲ့ သဘာဝအသီးအရွက်တွေကိုသာ သုံးထားပါတယ်။ သဘာ၀ ပါ၀င်ပစ္စည်းတွေပဲသုံးထားလို့  Side Effect ကင်းကင်းနဲ့ ဆံပင်ကျွတ် သက်သာစေတဲ့အပြင် ဆံပင်သန်လာစေပါတယ်။

နဖူး၊နားထင်နားက ဆံပင်တွေနောက်ဆုတ်ဆုတ်သွားလို့ ပြောင်ချင်သလိုဖြစ်နေသူများ ဆံပင်အနုလေးတွေ ပြန်ပေါက်စေဖို့ ပျားရည်စစ်စစ်နဲ့ သံလွင်ဆီကို သုံးပေးထားပါတယ်။ Ingredients အသစ်တွေပါ ထပ်ပေါင်းထည့်ထားလို့ ဦးရေပြားမွှေးညှင်းပေါက်လေးတွေက‌‌နေ တစ်ဆင့် ဆံသားတစ်ချောင်းချင်းစီ အထိကို အားဖြည့်ပေးနိုင်ပါတယ်။ မွှေးညှင်းပေါက်လေးတွေ ပိုမိုကျန်းမာလာတဲ့အခါ ဆံပင်ထွက်နှုန်း ပိုကောင်းပြီး ဆံပင်သန်လာစေပါတယ်။

ဆံပင်အဆီပြန်လွန်းသူများအတွက်လည်း Tea Tree ပါ၀င်လို့ ဦးရေပြားအဆီထွက်တာကို ထိန်းပေးနိုင်ရုံမက ဆံသားကို အားဖြည့်ပေးနိုင်ပါတယ်။ silicone လုံးဝမပါ၀င်လို့ ဓာတုဗေဒပျော့ဆေးတွေလို ချောချောပြားပြားကြီးနဲ့ ဆံပင်တွေ ကပ်နေသလိုမဖြစ်စေပဲ လျှော်ပြီးတာနဲ့ ဆံပင်ကအုံထူထူလေးနဲ့ Weight ရှိသလိုလေးဖြစ်သွားစေပါတယ်။

Availability: In Stock
-
+
Compare

သဘာ၀စစ်စစ်ခေါင်းလျှော်ရည်ဖြစ်ချင်တာကြောင့် ဓာတုဗေဒပျော့ဆေးလုံး၀မထည့်ထားပါဘူး။ ဒီ့အတွက်အားနည်းချက် အချို့လည်း ရှိလာပါတယ်။

?လျှော်နေတဲ့အချိန်မှာ ဆံသားကြမ်းသွားသလိုခံစားရပေမယ့် ခြောက်သွားချိန်မှာ ဆံသားကြမ်းတမ်းမှု့မရှ်ိတော့ပါဘူး။ မိမိနှစ်သက်ရာပျော့ဆေးနဲ့ တွဲသုံးပေးလို့လဲရတယ်နော်။

?သဘာဝအသီးအနှံပစ္စည်းတွေနဲ့ပေါင်းစပ်ထုတ်လုပ်ထားပြီး သဘာ၀ကြာရှည်ခံဆေးသာသုံးထားတာကြောင့် (၅) လပဲခံပါတယ်။ရေခဲသေတ္တာထဲထည့်ပြီးသုံးပါက(၈) လအထိခံပါတယ်။

?ဆိုးဆေးလုံး၀မပါပဲ ရတဲ့အသီးအရောင်ပေါ်မူတည်ထုတ်လုပ်ထားတာကြောင့် တစ်ခေါက်နဲ့တစ်ခေါက်အရောင်ကွဲတတ်ပါတယ်။ အရောင်ကွဲပေမယ့် အာနိသင်ကတော့ နည်းနည်းမှမလျော့လို့ စိတ်ချလက်ချသုံးနိုင်ပါတယ်။

လူတယောက်ရဲ့ ဒုတိယမျက်နှာဟာ ဆံပင်ပါ။ ဒါ့ကြောင့် ဆံသားကျန်းမာရေးကို ဂရုစိုက်ဖို့ ပိုမိုကောင်းမွန်တဲ့ အာနိသင်နဲ့ Packaging အသစ်ပါ ပြောင်းလဲထုတ်လုပ်ထားတဲ့ သဘာ၀စစ်စစ် DT Shampoo လေးကို မေ့မထားပဲ အခုပဲ အပြေး လှမ်းမှာလိုက်တော့နော် ♥️♥️♥️

ML

450ml

X
Top