0 Ks



The Story About Us!
DT BathHouse-Organic
DT တို့ရဲ့ Founder က သဘာဝကို ချစ်မြတ်နိုးတဲ့ သူတစ်ယောက်ပါ.. အဲ့ဒါကြောင့်… ထိုင်ဝမ်အစိုးရက ကျင်းပတဲ့ Organic Youth Forum မှာ တစ်ဦးတည်းသော မြန်မာပြည်ကိုယ်စားပြု တစ်ယောက်အနေနဲ့ ရွေးချယ်သွားရောက်လေ့လာခွင့် ရခဲ့တဲ့အပြင်၊ အခြားနိုင်ငံတကာမှာပါ လိုအပ်တဲ့ သင်တန်းတွေကို တက်ရောက်ခဲ့ပါတယ်..
အဲ့ဒီကနေ တစ်ဆင့်… နေ့စဥ် အသုံးပြုနေတဲ့ Chemicalတွေကြောင့် ကျွန်မတို့ချစ်ရတဲ့ ကမ္ဘာကြီးအပေါ် သက်ရောက်နေတဲ့ ဆိုးကျိုးတွေကို လျော့ချနိုင်ဖို့.. တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်တဲ့အနေနဲ့ အခုလို Organic Products တွေကို စတင်ဖန်တီးဖို့ စိတ်ကူးလေး ရလာခဲ့တာဖြစ်ပါတယ်…
Organic products များထဲမှာမှ လူနေမှုဘဝမှာ မရှိမဖြစ်လိုအပ်လာတဲ့ Cosmetic Products တွေကို စတင်ဖန်တီးဖြစ်ခဲ့ပါတယ်.. လူနဲ့ ပတ်ဝန်းကျင်၊ ရာသီဥတုကို မထိခိုက်စေအောင် သဘာဝပစ္စည်းတွေကိုသာ များများအသုံးပြုစေချင်တဲ့ စိတ်ကူးလေးဟာ အခုဆို တစ်စိတ်တပိုင်းတော့ အကောင်အထည် ဖော်နိုင်ခဲ့ပါပြီ…
အကောင်းဆုံး၊ စိတ်အကျေနပ်ဆုံး၊ ယုံကြည်စိတ်ချရပြီဆိုတဲ့ အနေအထားတစ်ခုထိ products တွေကို စမ်းသပ်စစ်ဆေးခဲ့ပြီး ကိုယ်တိုင်စိတ်တိုင်းကျတဲ့ အနေအထားရလာတဲ့အခါမှ သာ product တစ်ခုကိုထုတ်လုပ်ဖြန့်ချီခဲ့တဲ့ quantity ထပ် quality ကိုဦးစားပေးခဲ့တဲ့ product ဖြစ်ပါတယ်..
DT BathHouse-Organic
DT Bathhouse Products တွေက..
ဘေးဥပါဒ်ဖြစ်စေတဲ့ ဓါတုပစ္စည်းမပါဝင်ပဲ chemical ကို အနည်းဆုံးထိ လျော့ချထားပြီး သဘာဝပစ္စည်းများကိုသာ အများဆုံးအသုံးပြုထားပါတယ်။
Healthy & Beauty (ကျန်းမာတဲ့အလှတရား) ကိုရရှိစေဖို့ ရည်ရွယ်ထားတာကြောင့် ရေတိုအတွက်မဟုတ်ပဲ ရေရှည် safety ဖြစ်ဖို့ အတွက် ဆိုရင်တော့ရွေးချယ်သင့်ပါတယ်။
ထုတ်လုပ်မှုအပိုင်းမှာလဲ Organic Handmade ပစ္စည်းဖြစ်တာကြောင့် အသုံးပြုသူ များကို ပါဝင်တဲ့ သဘာဝပစ္စည်းတွေရဲ့ လတ်ဆတ်တဲ့ အာနိသင်အတိုင်း ရရှိစေချင်တဲ့စေတနာကြောင့် Order မှာတဲ့အခါမှသာ မှာသလောက်ကို 1 bath ချင်းစီ ထုတ်လုပ်ပေးပါတယ်။
ဒါ့ကြောင့်လည်း ဆိုင်အမြောက်အမြားမှာ တင်သွင်း မရောင်းချသေးဘဲ Online ကနေပဲ ဦးစားပေးပြီး အခုလို ရောင်းချပေးနေတာဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလဲ ပိုမိုကောင်းမွန်တဲ့ Quality တွေကို ထပ်မံထုတ်လုပ်ပေးနိုင်အောင် ကြိုးစားသွားပါ့မယ်ရှင့်။ DT Bathhouse နဲ့အတူ သဘာဝကို ချစ်ပါ..
သဘာဝကို မြတ်နိုးပါ..

Feedbacks



