0 Ks

ဆံပင်နည်းနည်းရှည်လာတာနဲ့ ဖြစ်လေ့ဖြစ်ထလိုကို ဖြစ်နေတဲ့ ဆံပင်ကျွတ်ခြင်းဟာ တကယ်တော့ စိတ်ရောလူကိုပါ အနှောင့်ယှက်ပေးနိုင်တယ်ဆိုတာလည်း အားလုံးသိကြမယ်ထင်ပါတယ်။ ဆံပင်ကျွတ်တာဟာ ဦးရေပြားအပေါ်ယံပိုင်း အသုံးအဆောင်သာမက ခန္ဓာကိုယ်အတွင်းသို့ စားသောက်လိုက်တဲ့ အစားအသောက် နဲ့ နေထိုင်မှု lifestyle ကြောင့်လဲ သက်ရောက်မှုရှိပါတယ်။
တစ်နေ့ဆံပင် ပျမ်းမျှ အချောင်း ၆၀ ကတော့ သက်တန်းကုန်လို့ ကျွတ်တာဖြစ်လို့ စိတ်ပူစရာမလိုပေမဲ့ အဲ့ထပ်ပိုကျွတ်တာ၊ ကျွတ်ပြီးပြန်မပေါက်တာဆိုရင်တော့ ဂရုစိုက်ဖို့လိုပါပြီ. . . ဒါကြောင့် ဒီပို့စ်မှာ ဆံပင်ကျွတ်ရခြင်း အကြောင်းအရင်းတွေကို ဖော်ပြပြီး ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုလည်း မျှဝေပေးပါရစေနော်..
“ဆံပင်ကျွတ်ရခြင်း အကြောင်းအရင်းများ”
ဟော်မုန်း changes ကြောင့်
စိတ်ဖိအား အရမ်းများနေခြင်း
ဆေးသောက်၍ ဝိတ်အလွန်အမင်းချခြင်း
ကလေးမွေးထားခြင်း
တားဆေးသောက်နေရခြင်း
အဖျားအရမ်းကြီးခြင်း
Surgery လုပ်ခြင်း
မျိုးရိုးလိုက်ခြင်း
အပူအစပ် အစားများခြင်း၊
collagen နှငိ့ biotin ဓါတ်ဆုံးရှုံးနေခြင်း
တွင်းရေသုံးနေရခြင်း
ဆံပင်တင်းကျပ်စွာ စီးထားခြင်း
ကင်ဆာရောဂါကြောင့်
ကိုယ့်ရဲ့ကိုယ့်ခံအားကပြောင်းပြန်ကိုယ့် ဆံသားအမြစ်ကို တိုက်ထုတ်နေခြင်း(Autoimmune) စတဲ့ဆေးဘက်ဆိုင်ရာ case များနဲ့ အသက်ကြီးတာတွေကြောင့် ဆံပင်ကျွတ်တတ်ပါတယ်။
ဦးရေပြားအဆီပြန်လွန်းရင်လည်း ဦးရေမှိုလ်ဆွဲ၍ ဗောက်ဖြစ်ပြီး ဆံပင်ကျွတ်တတ်ပါတယ်။ ထို့အပြင်-Chemical အများကြီးပါတဲ့ ခေါင်းလျှော်ရည် တွေကလည်း ဆံပင်ကျွတ်ခြင်းရဲ့ တရားခံတွေဖြစ်နိုင်သလို
ဆံပင်ကို ဆိုးဆေး/ ချွတ်ဆေး/ ဖြောင့်/ ကောက် တာ စသဖြင့် ဆံပင်ကို ပြုပြင်လွန်းတာကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ ဆံပင်ကျွတ်တာဟာ ဦးရေပြားမှာ အမာရွတ်ဖြစ်သွားရင်တော့ ပြန်မပေါက်နိုင်တော့ပါဘူး။
ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမလဲ??
ဆံပင်ကျွတ်တာဟာ မျိုးရိုးလိုက်တာဆိုရင်တော့ ကာကွယ်လို့မရပါဘူး ဆံပင်ကျွတ်တာကို ကာကွယ်လို့ရတဲ့ နည်းလမ်းတွေကတော့
ဆံပင်ကို မျက်နှာကဲ့သို့ နူးနူးညံ့ညံ့လေး ကိုင်တွယ်ပါ။ သောက်နေကျဆေးတွေရှိရင် အဲဒီဆေးတွေက ဆံပင်ကျွတ်စေနိုင်လားဆရာဝန်ကို မေးကြည့်ပါ။
နေရောင်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ဆံပင်ကိုတတ်နိုင်သလောက်ကာကွယ်ပါ။
Protein၊ Vitamin ကြွယ်ဝတဲ့ အစားအစာစားပေးပါ
သကြား/အချိုမှုန့်/ခေါက်ဆွဲပြုတ်/fast food စတဲ့အစားအစာတွေရှောင်ပေးပါ.
ဦးရေပျားအဆီပျံတတ်သူဆိုပါက အဆီထိမ်းတဲ့ခေါင်းလျှော်ရည်နဲ့ပုံမှန်လျှော်ပေးပါ.
ခေါင်းလျှော်လျှင် conditioner/shampoo တွေကိုရေပြောင်အောင်ဆေးပေးပါ
stress ကြောင့်ဆံပင်ကျွတ်ခြင်းမှ သက်သာစေရန် လေ့ကျင့်ခန်းတစ်မျိုးမျိုးလုပ်ပေးခြင်း/ တရားထိုင်ခြင်းများလုပ်ပေးပါ
လိုအပ်ပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး medical treatment လုပ်ပါ
ဆေးလိပ်မသောက်ပါနဲ့။ ယောက်ျားတွေထိပ်ပြောင်တာဟာ ဆေးလိပ်သောက်တာနဲ့ဆက်စပ်တာကို သုတေသနတချို့ကတွေ့ထားပါတယ်။
နောက်ဆုံးအနေနဲ့ ဖြစ်နိုင်ရင် chemical လျော့ချထားတဲ့ ကြိုက်နှစ်သက်ရာ သဘာဝ shampoo လေးတွေသုံးပေးနိုင်ပါတယ်. DT Bathhouse ထုတ်တဲ့ Shampoo ဟာလဲ chemical အနဲ့ဆုံး၊ pH 5, pH level ထိန်းငြှိထားတဲ့ shampoo ဖြစ်တာကြောင့် ဦးရေပြား pH level ထိန်းညှိပေးတဲ့အပြင် ဦးရေအဆီထွက်တာကို balance လုပ်ပေးပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးနိုင်လို့စိတ်ချယုံကြည်စွာရွေးချယ်သုံးစွဲလို့ရပါတယ်..